Posts

Showing posts from July, 2022

ဘဏ်ပြောင်းခြင်း

Image
           ဒီတပတ်မှာတော့ ပင်စင်စားများ ပင်စင်အသိပညာကြွယ်ဝစေရေးအတွက် "ဘဏ်ပြောင်းခြင်း" အကြောင်း ရှင်းပြပေးသွားမှာဖြစ်ပါတယ်။       အငြိမ်းစားတစ်ဦးအနေဖြင့် ၎င်းရရှိသော ပင်စင်လစာကို မိမိအဆင်ပြေသော မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ထုတ်ယူနိုင်ကြောင်း နည်းဥပဒေပြဋ္ဌာန်းချက်တွင် အတိအလင်းဖော်ပြထားရှိပါသည်။ ထို့ကြောင့် ပင်စင်အမှုတွဲတင်စဉ်ကတည်းက မည်သည့်ဘဏ်တွင် ထုတ်ယူလိုကြောင်း အဆိုပြုတင်ပြခြင်း ပြုလုပ်ပြီး ဖြစ်ပါသည်။ မိမိအဆိုပြုထုတ်ယူလျက်ရှိသော မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခုမှ အခြားဘဏ်ခွဲတစ်ခုသို့ ပြောင်းလဲထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။        ထိုသို့ ပြောင်းလဲထုတ်ယူလိုသောအခါတွင် သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင် "ဘဏ်ပြောင်း" လျှောက်ထားရပါမည်။ ဘဏ်ပြောင်းလျှောက်ထားရန်အတွက် အငြိမ်းစားများအနေဖြင့်  အငြိမ်းစားလက်ခံစာအုပ် (သို့) E-Pension Card  ဘဏ်ပြောင်းလျှောက်ထားခြင်း လျှောက်လွှာပုံစံ လိုအပ်ပါသည်။  ပင်စင်ဦးစီးဌာန(နေပြည်တော်) ၁၄-၇-၂၀၂၂  

ပင်စင်လစာကျန် ဆောင်ရွက်ခြင်း

  ဒီနေ့မှာတော့ ပင်စင်စားများ အမေးများတဲ့ "ပင်စင်လစာကျန်" ဆောင်ရွက်ပုံစံအကြောင်း ရှင်းပြပေးသွားမှာဖြစ်ပါတယ်.... ပင်စင်လစာကျန်ဆိုတာ ??? ပင်စင်စားသည် ၎င်း၏ ပင်စင်လစာကို မထုတ်ခဲ့ဘဲ သေဆုံးသွားပါက ကျန်ရှိသော ပင်စင်လစာကို ဆိုလိုပါတယ်။ ဘယ်သူတွေခံစားခွင့်ရှိသလဲ ??? ပင်စင်စားကွယ်လွန်သွားစဉ် ၎င်းထုတ်ယူရန် ကျန်ရှိသော ပင်စင်လစာများရှိပါက ပင်စင်စား၏ တရားဝင်အမွေစားအမွေခံများအား ထုတ်ပေးနိုင်ပါသည်။ ဘာတွေလိုအပ်သလဲ ??? ပင်စင်လစာကျန် ထုတ်ယူနိုင်ရန် အောက်ပါအထောက်အထားများနှင့်အတူ သက်ဆိုင်ရာ မြန်မာ့စီးပွားရေး ဘဏ်မှာ လျှောက်ထားနိုင်ပါတယ်။ လစာကျန် ပုံစံ (က) (ခ) (ဂ) ကတိခံဝန်ချက်ပုံစံ (၂၅) (TF “25”) တောင်းခံသူ၏ လက်ဗွေ၊ ဓာတ်ပုံ၊ လက်မှတ် ပင်စင်စားကွယ်လွန်ကြောင်း ဖော်ပြထားသည့် သေစာရင်းမူရင်း သို့မဟုတ် အတည်ပြုထားသည့် မိတ္တူမှန် တောင်းခံသူ၏ လျှောက်လွှာ အငြိမ်းစားလက်ခံစာအုပ် ၊ ဘဏ်အရာရှိလက်ခံ အငြိမ်းစားအား မြန်မာ့စီးပွားရေးဘဏ်ခွဲမှ မည်သည့်နေ့အထိ မည်သည့်နှုန်းဖြင့် ထုတ်ပေးထားကြောင်း ဘဏ်မန်နေဂျာ၏ ထောက်ခံချက် ဒါကတော့ ပင်စင်လစာကျန်ကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။ ပင်စင်စားတို့ အဆင်ပြေကြပါစေခင်ဗ...