ဘဏ်ပြောင်းခြင်း

ဒီတပတ်မှာတော့ ပင်စင်စားများ ပင်စင်အသိပညာကြွယ်ဝစေရေးအတွက် "ဘဏ်ပြောင်းခြင်း" အကြောင်း ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ အငြိမ်းစားတစ်ဦးအနေဖြင့် ၎င်းရရှိသော ပင်စင်လစာကို မိမိအဆင်ပြေသော မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ထုတ်ယူနိုင်ကြောင်း နည်းဥပဒေပြဋ္ဌာန်းချက်တွင် အတိအလင်းဖော်ပြထားရှိပါသည်။ ထို့ကြောင့် ပင်စင်အမှုတွဲတင်စဉ်ကတည်းက မည်သည့်ဘဏ်တွင် ထုတ်ယူလိုကြောင်း အဆိုပြုတင်ပြခြင်း ပြုလုပ်ပြီး ဖြစ်ပါသည်။ မိမိအဆိုပြုထုတ်ယူလျက်ရှိသော မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခုမှ အခြားဘဏ်ခွဲတစ်ခုသို့ ပြောင်းလဲထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။ ထိုသို့ ပြောင်းလဲထုတ်ယူလိုသောအခါတွင် သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင် "ဘဏ်ပြောင်း" လျှောက်ထားရပါမည်။ ဘဏ်ပြောင်းလျှောက်ထားရန်အတွက် အငြိမ်းစားများအနေဖြင့် အငြိမ်းစားလက်ခံစာအုပ် (သို့) E-Pension Card ဘဏ်ပြောင်းလျှောက်ထားခြင်း လျှောက်လွှာပုံစံ လိုအပ်ပါသည်။ ပင်စင်ဦးစီးဌာန(နေပြည်တော်) ၁၄-၇-၂၀၂၂