အငြိမ်းစားလက်ခံစာအုပ် ပျက်စီး/ပျောက်ဆုံးခဲ့သော်

အငြိမ်းစားလက်ခံစာအုပ် ပျက်စီး/ပျောက်ဆုံးခဲ့သော် 

မင်္ဂလာပါခင်ဗျာ။

    ဒီနေ့မှာတော့ ပင်စင်စားတို့ လက်ဝယ်ရှိတဲ့ ပင်စင်စာအုပ် ပျက်စီး/ပျောက်ဆုံးခဲ့ရင် ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 

    ပင်စင်ဦးစီးဌာနအနေနဲ့ ပင်စင်စားတို့အတွက် ငွေပေးမိန့်ထုတ်ပြန်တဲ့အခါမှာ မြန်မာ့စီးပွားရေးဘဏ်ကို အငြိမ်းစားလက်ခံစာအုပ်ကိုပါ ပူးတွဲပေးပို့ပေးပါတယ်။ ဒီစာအုပ်က ပင်စင်စားတို့ လစဉ်ပင်စင်ထုတ်ယူနေမှု တွေကို မှတ်တမ်းတင်ပေးထားတာဖြစ်လို့ အရမ်းအရေးပါ ပါတယ်။ 

    ထိုအငြိမ်းစားလက်ခံစာအုပ် ပျက်စီးခြင်း (သို့) ပျောက်ဆုံးခြင်း ဖြစ်ပေါ်ပါက ပင်စင်ဦးစီးဌာနသို့ အသစ်ပြန်လည် လျှောက်ထားပေးရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

ဘယ်မှာလျှောက်ရမလဲ?

    ပင်စင်စားထုတ်ယူနေတဲ့ လက်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကနေပဲ လျှောက်ထားပေးရပါမယ်။ 

ဘာတွေလိုအပ်သလဲ?

    အငြိမ်းစားလက်ခံစာအုပ် အသစ်လျှောက်ထားဖို့အတွက် လိုအပ်တာတွေကတော့

    (၁) ပျက်စီး/ပျောက်ဆုံးရခြင်း အကြောင်းအရင်းဖော်ပြချက် (ကိုယ်တိုင်ရေးလျှောက်လွှာ)

   (၂) စာအုပ် ပျက်စီး/ပျောက်ဆုံးခြင်းအတွက် ဒဏ်ကြေးပေးသွင်းပြီးကြောင်း ချလံ (မူရင်း) (မှတ်ချက်။ ဒဏ်ကြေး ၁၀၀၀ ပေးသွင်းရမှာဖြစ်ပါတယ်)

    (၃) စာအုပ် ပျက်စီး/ပျောက်ဆုံးကြောင်း ရဲစခန်းသို့ တိုင်ကြားချက် တို့ပဲဖြစ်ပါတယ်။

ဘာတွေဆက်ဖြစ်မလဲ? 

    မြန်မာ့စီးပွားရေးဘဏ်ကနေ ဘဏ်အရာရှိလက်ခံ (မူရင်း) နှင့် မည်သည့်နေ့အထိ ပင်စင်ထုတ်ပေးပြီး ကြောင်း ထောက်ခံချက်နှင့်အတူ ပင်စင်ဦးစီးဌာနသို့ ပေးပို့ပါလိမ့်မယ်။ ပင်စင်ဦးစီးဌာနက အထက်ပါ အချက်အလက်တွေကို စိစစ်ပြီး မှန်ကန်ပြည့်စုံမှုရှိပါက အငြိမ်းစားလက်ခံစာအုပ် (အသစ်) ပြန်လည် ထုတ်ပေးပါလိမ့်မယ်။ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာငွေထုတ်ယူနိုင်ကြောင်း အကြောင်းကြားပါလိမ့် မယ်ခင်ဗျ။ 

    ဒါကတော့ အငြိမ်းစားလက်ခံစာအုပ် ပျက်စီး/ပျောက်ဆုံးခဲ့ရင် ဆောင်ရွက်ရမယ့် နည်းလမ်းလေး ပဲဖြစ်ပါတယ်။ ပင်စင်စားတို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ 


ပင်စင်ဦးစီးဌာန

(၂၁-၄-၂၀၂၂)

 

Comments

Popular posts from this blog

ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို ဘယ်လိုတွက်ချက်သလဲ?

ပင်စင်လစာကျန် ဆောင်ရွက်ခြင်း