Posts

Showing posts from April, 2022

အငြိမ်းစားလက်ခံစာအုပ် ပျက်စီး/ပျောက်ဆုံးခဲ့သော်

အငြိမ်းစားလက်ခံစာအုပ် ပျက်စီး/ပျောက်ဆုံးခဲ့သော်   မင်္ဂလာပါခင်ဗျာ။      ဒီနေ့မှာတော့ ပင်စင်စားတို့ လက်ဝယ်ရှိတဲ့ ပင်စင်စာအုပ် ပျက်စီး/ပျောက်ဆုံးခဲ့ရင် ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။      ပင်စင်ဦးစီးဌာနအနေနဲ့ ပင်စင်စားတို့အတွက် ငွေပေးမိန့်ထုတ်ပြန်တဲ့အခါမှာ မြန်မာ့စီးပွားရေးဘဏ်ကို အငြိမ်းစားလက်ခံစာအုပ်ကိုပါ ပူးတွဲပေးပို့ပေးပါတယ်။ ဒီစာအုပ်က ပင်စင်စားတို့ လစဉ်ပင်စင်ထုတ်ယူနေမှု တွေကို မှတ်တမ်းတင်ပေးထားတာဖြစ်လို့ အရမ်းအရေးပါ ပါတယ်။      ထိုအငြိမ်းစားလက်ခံစာအုပ် ပျက်စီးခြင်း (သို့) ပျောက်ဆုံးခြင်း ဖြစ်ပေါ်ပါက ပင်စင်ဦးစီးဌာနသို့ အသစ်ပြန်လည် လျှောက်ထားပေးရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။  ဘယ်မှာလျှောက်ရမလဲ?     ပင်စင်စားထုတ်ယူနေတဲ့ လက်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကနေပဲ လျှောက်ထားပေးရပါမယ်။   ဘာတွေလိုအပ်သလဲ?      အငြိမ်းစားလက်ခံစာအုပ် အသစ်လျှောက်ထားဖို့အတွက် လိုအပ်တာတွေကတော့     (၁) ပျက်စီ...

ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို ဘယ်လိုတွက်ချက်သလဲ?

Image
    ပင်စင်ဦးစီးဌာနအနေဖြင့် အငြိမ်းစားတွေရဲ့ ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို တွက်ချက်စိစစ်တဲ့အခါမှာ အငြိမ်းစားရဲ့ အသားတင်လုပ်သက်နှင့် နောက်ဆုံးထုတ်လစာအပေါ် အခြေခံပြီး ပုံသေနည်းဖြင့် စိစစ်တွက်ချက် ပေးရပါတယ်။ အငြိမ်းစားသည် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသားတင်လုပ်သက်သည် (၁၀)နှစ်အထက်ရှိမှသာ ပင်စင်လစာရော၊ လုပ်သက်ဆုငွေကိုပါ ခံစားရမှာပါ။ လုပ်သက် (၁၀)နှစ်အောက်ဆိုရင် လုပ်သက်ဆုငွေ တစ်မျိုးတည်းကိုသာ ခံစားရမှာပါ။           အသားတင်လုပ်သက်ဆိုတာ အငြိမ်းစားတာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်တလျှောက်ထဲကမှ လစာမဲ့ခွင့်၊ ဆေးခွင့် စတဲ့ ပင်စင်ခံစားခွင့်ရှိတဲ့ လုပ်သက်မှာ ထည့်သွင်းတွက်ချက်ခြင်း မပြုရတဲ့ အချက်တွေကို နှုတ်ပြီး ရလာတဲ့ လုပ်သက်ဖြစ်ပါတယ်။ နောက်ဆုံးထုတ်လစာဆိုတာက အငြိမ်းစား နောက်ဆုံးတာဝန်ထမ်းဆောင် ခဲ့တဲ့ ရာထူးမှာ နောက်ဆုံးထုတ်ယူထားတဲ့ လစာပမာဏဖြစ်ပါတယ်။       ဒါဆို အငြိမ်းစားရဲ့ ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို ဘယ်လိုပုံသေနည်းနှင့် တွက်ပေးရမလဲ။        လုပ်သက် (၅) နှစ်မပြည့်သည့်ကိစ္စ          လ...

နှစ်လွန်ပင်စင်ဖြစ်ရင် ဘယ်လိုဆောင်ရွက်ရမလဲ?

  နှစ်လွန်ပင်စင်ဆိုတာ ဘာလဲ?