ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို ဘယ်လိုတွက်ချက်သလဲ?
ပင်စင်ဦးစီးဌာနအနေဖြင့် အငြိမ်းစားတွေရဲ့ ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို တွက်ချက်စိစစ်တဲ့အခါမှာ အငြိမ်းစားရဲ့ အသားတင်လုပ်သက်နှင့် နောက်ဆုံးထုတ်လစာအပေါ် အခြေခံပြီး ပုံသေနည်းဖြင့် စိစစ်တွက်ချက် ပေးရပါတယ်။ အငြိမ်းစားသည် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသားတင်လုပ်သက်သည် (၁၀)နှစ်အထက်ရှိမှသာ ပင်စင်လစာရော၊ လုပ်သက်ဆုငွေကိုပါ ခံစားရမှာပါ။ လုပ်သက် (၁၀)နှစ်အောက်ဆိုရင် လုပ်သက်ဆုငွေ တစ်မျိုးတည်းကိုသာ ခံစားရမှာပါ။
အသားတင်လုပ်သက်ဆိုတာ အငြိမ်းစားတာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်တလျှောက်ထဲကမှ လစာမဲ့ခွင့်၊ ဆေးခွင့် စတဲ့ ပင်စင်ခံစားခွင့်ရှိတဲ့ လုပ်သက်မှာ ထည့်သွင်းတွက်ချက်ခြင်း မပြုရတဲ့ အချက်တွေကို နှုတ်ပြီး ရလာတဲ့ လုပ်သက်ဖြစ်ပါတယ်။ နောက်ဆုံးထုတ်လစာဆိုတာက အငြိမ်းစား နောက်ဆုံးတာဝန်ထမ်းဆောင် ခဲ့တဲ့ ရာထူးမှာ နောက်ဆုံးထုတ်ယူထားတဲ့ လစာပမာဏဖြစ်ပါတယ်။
ဒါဆို အငြိမ်းစားရဲ့ ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို ဘယ်လိုပုံသေနည်းနှင့် တွက်ပေးရမလဲ။
လုပ်သက် (၅) နှစ်မပြည့်သည့်ကိစ္စ
လုပ်သက်ဆုငွေ = လုပ်သက်နှစ် * နောက်ဆုံးထုတ်လစာ * ၁၀၀%
လုပ်သက် (၅) နှစ်ပြည့်ပြီး (၁၀) နှစ်မပြည့်သည့်ကိစ္စ
လုပ်သက်ဆုငွေ = လုပ်သက်နှစ် * နောက်ဆုံးထုတ်လစာ * ၁၅၀%
လုပ်သက် (၁၀) နှစ်နှင့်အထက်
လုပ်သက်ဆုငွေ = လုပ်သက်နှစ် * နောက်ဆုံးထုတ်လစာ * ၅၀%
ပင်စင်လစာ = လုပ်သက်နှစ် * နောက်ဆုံးထုတ်လစာ * ၁.၅%
အကယ်၍ ဝန်ထမ်းသည် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့သည်ရှိသော် (သို့) အငြိမ်းစားခံစားပြီးမှ ကွယ်လွန်ခဲ့သည်ရှိသော် ကျန်ရစ်သူ မိသားစုပင်စင်ခံစားခွင့်ရှိသူများမှ ပင်စင်လစာသော်လည်းကောင်း၊ ပင်စင်လစာနှင့် လုပ်သက်ဆုငွေ (၂) မျိုးလုံးကိုသော်လည်းကောင်း ခံစားနိုင်မည်ဖြစ်ပါသည်။ သို့သော် ပင်စင်လစာသည် မိသားစုပင်စင်ခံစားမည့် ပုဂ္ဂိုလ်အလိုက် တွက်ချက်သည့် ပုံသေနည်းမှာ ခြားနားမှုရှိသည်။
လုပ်သက် (၅) နှစ်မပြည့်သည့်ကိစ္စ
လုပ်သက်ဆုငွေ = လုပ်သက်နှစ် * နောက်ဆုံးထုတ်လစာ * ၁၀၀%
လုပ်သက် (၅) နှစ်ပြည့်ပြီး (၁၀) နှစ်မပြည့်သည့်ကိစ္စ
လုပ်သက်ဆုငွေ = လုပ်သက်နှစ် * နောက်ဆုံးထုတ်လစာ * ၁၂
လုပ်သက် (၁၀) နှစ်နှင့်အထက်
(ဇနီး/ခင်ပွန်း)
လုပ်သက်ဆုငွေ = လုပ်သက်နှစ် * နောက်ဆုံးထုတ်လစာ * ၅၀% (သို့) နောက်ဆုံးထုတ်လစာ * ၁၂
ပင်စင်လစာ = လုပ်သက်နှစ် * နောက်ဆုံးထုတ်လစာ * ၁.၅% * ၃/၄
(အခြားမိသားစုဝင်)
လုပ်သက်ဆုငွေ = လုပ်သက်နှစ် * နောက်ဆုံးထုတ်လစာ * ၅၀% (သို့) နောက်ဆုံးထုတ်လစာ * ၁၂
ပင်စင်လစာ = လုပ်သက်နှစ် * နောက်ဆုံးထုတ်လစာ * ၁.၅% * ၁/၂ ပင်စင်ဦးစီးဌာန
(၈-၄-၂၀၂၂)
မိသားစုပင်စင် အမှုတွဲ တွင် လိုအပ်သည့် စာရွက်စာတမ်းများကို သိချင်ပါတယ်
ReplyDeleteဆက်လက်တင်ပေးသွားပါမယ်ခင်ဗျ
Delete